Laputtauptodate DEMO slide 2

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 3

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 4

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 5

This photo is testing for LAPUTTA UP TO DATE blog.

Thursday, April 10, 2014

ဖုန်းနံပါတ်မလိုပဲ Facebook ကို 100% အလွယ်ဖွင့်နည်း





လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

Direct Download l Dropbox l Copy l Dev-Host

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော် :D

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။



၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။
အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။
( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ပီးရင် Next ကိုနှိပ်ပါ။



၎။နောက်တစ်ဆင့်မှာ Ph no တောင်းပါလိမ့်မယ်။ကျွန်တော်တို့ က ဖုန်းနံပါတ်ကို မထည့်ဘူးဆိုတဲ့အတွက်
“I don’t have cell phone” ကိုရွေးပါမယ်။



၅။ပီးရင် Security Question ကိုထည့်ခိုင်းပါလိမ့်မယ်။အဆင်ပြေရာထည့်ပါ။မှတ်တော့မှတ်ထားဦးနော်။
သူ့ ပုံမှာပေးထားတဲ့ code လေးကိုမှန်အောင်ရိုက်ပေးလိုက်ပါ။ပီးရင် DONE ကိုနှိပ်ပါ။



၆။ဒါဆိုရင် mail အသစ်လုပ်တာပီးပါပီ။Facebook မဖွင့်ခင် အခုဖွင့်ထားတဲ့ mail အကောင့်ကို ပြန်ဝင်ထားပါ။



၇။နောက်တစ်ဆင့်ကတော့ Facebook အကောင့်ဖွင့်ဖို့ ပဲကျန်တော့တယ်။ကဲ…….Facebook app ထဲဝင်လိုက်ပါ။
အသစ်လုပ်မှာဖြစ်တဲ့အတွက် Sign Up ကိုရွေးပါ။



၈။နာမည်ထည့်ခိုင်းပါလိမ့်မယ်။ကိုယ်သုံးချင်တဲ့ နာမည်ထည့်ပေးလိုက်ပါ။ပီးရင် Continue ပေါ့။



၉။Password ပေးလိုက်ပါ။

၁၀။ပီးရင် Profile ပုံတို့ ၊ကျောင်းတို့ ၊နေရပ်လိပ်စာတို့ ထည့်ပေးလိုက်ပါ။

၁၁။ဒီလိုအ၀ိုင်းလေးလည် ပီးလို့ ကိုယ့်ဖေ့ဘွတ်လေးပွင့်သွားရင်တော့ FB အကောင့်လုပ်တာ 80% လောက်တော့ပီးပါပီ။



၁၂။ပီးရင် Mail ထဲကို FB က Code ပို့ ထားပါလိမ့်မယ်။အဲ့ထဲဝင်လိုက်ပါ။
Confirm Your Account ကိုနှိပ်ပါ။ပီးရင် Facebook app ကိုရွေးပေးလိုက်ပါ။ဒါဆို account confirm  လုပ်တာ
ပီးသွားပီဖြစ်တဲ့အတွက် Facebook Account ကိုဖုန်းနံပါတ်မလိုပဲ ၁၀၀% ဖွင့်တာပီးဆုံးသွားပါပီ။
အခုကျွန်တော် သုံးနေတဲ့ထိတော့ ဘာဖုန်းနံပါတ်မှမတောင်းသေးပါဘူး။စိတ်ချတာဖွင့်ပါ။အဆင်ပြေပါစေ။





 ပို့ စ်ရေးသားသူ-Khit TaMhine(www.facebook.com/Khit TaMhine)

PS:    စမ်းပြီးပါပြီ။ ၁၀၀% အိုကေပါတယ်။ သေချာလုပ်ကြည့်ပါ။
MMAS ကို Credit ပေးပါတယ်။
မူရင်းလင့်

Friday, November 29, 2013

ငွေဖြည့်ကဒ်ပြဿနာဖြေရှင်းနည်း

ခုတစ်လော ငွေဖြည့်ကဒ်တွေဖြည့်ရင်ချက်ချင်းမ၀င်တာနဲ့ Invalid Card error တွေ၊ ငွေဖြည့်သွင်း၍မရနိုင် ပါရှင်ဆိုတဲ့ ပြဿနာတွေတော်တော်တက်နေတယ်။ ဒီပြဿနာတွေမှာ ၀ယ်သူရော ရောင်းသူရော မမှား ကြပါဘူး။ ၀ယ်သူနဲ့ရောင်းသူကြားထဲက သံသယတွေကင်းစေဖို့ သက်ဆိုင်ရာ serverဖုန်းကိုခေါ်ဆို   
မေးမြန်းခြင်းဖြင့်သိရှိနိုင်ပါတယ်။

GSM/WCDMA ဖုန်းများအတွက် 01-555476

CDMA 800MHz (73 ဖြင့်စသော)၊ 450 MHz ကဒ်များအတွက်  09 - 73111111

1500Ks CDMA 800MHz (Mec Tel) ကဒ်များအတွက် Call Center - 1212

Y Talk ကဒ်များအတွက် 09-73174871

ဖုန်းနံပါတ်များသို့  မိမိငွေဖြည့်ကဒ်ပြဿနာများကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ထိုသို့ဆက်သွယ်မေးမြန်းလျှင် မိမိငွေဖြည့်ကဒ်၏  serial no. ကိုတောင်းပါလိမ့်မယ်။
မိမိထည့်သွင်းလို့မရတဲ့ ငွေဖြည့်ကဒ်ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Serial No.  xxxxxxxxxxxxxxx
ဆိုတာကိုပြောပြလိုက်ပါ။ MEC Tel မှာတော့ ငွေဖြည့်ကဒ်ကလျှို့ဝှက်နံပါတ်အမှန်ကို (၃)ခါထည့်လို့မှ ငွေမ၀င်တော့ရင်ဆက်မထည့်ပါနဲ့တော့။ အပေါ်ကဖုန်းနံပါတ်တွေကိုသာဆက်ပေတော့။
ကျေးဇူးတင်ပါတယ်။
ရောင်းသူဝယ်သူကြားအဆင်ပြေကြပါစေ။


Credit To: Thein Than Mobile

Wednesday, September 25, 2013

စက်တင်ဘာလအတွက် လပွတ္တာမြို့၏ တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းခွဲတမ်း

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွက် လပွတ္တာမြို့၏ ရရှိသော တန်ဖိုးနည်းမိုဘိုင်းဖုန်းခွဲတမ်းမှာ
GSM (လပွတ္တာ)    -   300 ကဒ်
GSM (သုံးမိုင်)      -   300 ကဒ်
MecTel(800MHz) -   900 ကဒ်
ဖြစ်ကြောင်းသိရှိရပါတယ်။ ယင်းကဒ်များကို ယခုရက်ပိုင်းအတွင်း အများပြည်သူတို့ဖြန့်ဖြူးရောင်းချပေး သွားမည်ဖြစ်ပါကြောင်းသိရှိရပါတယ်။

Facebook Account တစ်ခုကို ဖုန်းပေါ်ကနေလုပ်ရအောင်(100% စမ်းသပ်ပြီးပါပြီ)

ဒီနည်းကတော့ ကျွန်တော်ကိုယ်တိုင်လုံးဝစမ်းသပ်ပြီးပါပြီ။ ကျွန်တော်ကိုယ်တိုင်အကောင့်(၁၀)ခုလောက်လုပ်ပြီး သေချာမှတင်ပေးထားတဲ့နည်းလေးပါ။ ကဲစကြရအောင်ဗျာ။
Facebook အကောင့်ကိုမြန်မာနိုင်ငံကလုပ်မရဘူးဆိုတာကိုလူတိုင်းသိပြီးကြပြီထင်တယ်နော်။ ဒါဆို ကျွန်တော်တို့မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံတစ်ခုခုကလုပ်ရင်ရပြီပေါ့။ ဒါဆိုတခြားနိုင်ငံကိုသွားလုပ် ရမှာလားဆိုတော့မလိုပါဘူး။ Virtual Private Network တစ်ခုလုပ်ပြီး သူများနိုင်ငံကလုပ်နေသလိုနဲ့ Facebook ကိုလှည့်စားကြည့်ကြရအောင်ဗျာ။

Facebook အကောင့်တစ်ခုလုပ်ဖို့အတွက် Gmail အကောင့်ကိုတော့ မိမိတို့ရဲ့ Android ဖုန်းကနေဘဲ အလွယ်တကူလုပ်လို့ရပါတယ်။ Gmail ရပြီဆိုရင်တော့ Facebook စလုပ်ကြရအောင်ဗျာ။

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆော့ဖ်ဝဲနှစ်ခု (EasyOvpn နဲ့ OpenVPNconnect)တွေကို ဒေါင်းပြီး ဖုန်းထဲမှာ Install လုပ်လိုက်ပါ။ (OpenVPNconnect ကတော့ Android Version 4.0 လောက်မှအလုပ်လုပ်ပါတယ်။) ပြီးရင်
2. EasyOvpn ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း မြင်ရရင်အပေါ်ဆုံးက ကြိုက်တဲ့နိုင်ငံတစ်ခု ကိုရွေးလိုက်ပါ။ ဒီထဲမှာတော့ ဥပမာအနေနဲ့ ဂျပန်ကိုရွေးထားပါတယ်။



3. ပြီးရင် အောက်ကပုံအတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ


6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





သတိပေးချက်။       အရေးကြီးပါတယ်။ သေချာဖတ်ပေးပါ။
သူများတွေပြောသလိုမျိုး English တစ်ခုခုပေးရမယ်ဆိုတာတော့ ကျွန်တော်လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့နာအမည်ပေးပြီး လုပ်ပြီးသွားလို့ပါ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ User Name ကိုတော့ တစ်ခါတည်းအပြီးရွေးပေးပါ။ ဖြစ်နိုင်ရင် အဲဒီ User Name နဲ့ Gmail User Name တူရင်တော့ အကောင်းဆုံးပါဘဲ။ မွေးနေ့တွေကအစ Gmail နဲ့တူရင်ပိုအဆင်ပြေပါမယ်။ Accout လုပ်ပြီးရင်တော့ ဘယ် setting ထဲကို ၀င်မပြင်တော့ရင်ပိုကောင်းပါတယ်။
ကျောင်းအမည်တို့၊ အလုပ်အကိုင်နာမည်တို့ကို ကိုယ်ထင်တဲ့အစ စာလုံးလေးတစ်လုံးလောက်ရိုက်ထည့်ပြီး သူ့ဆီမှာပေါ်လာတဲ့အထဲကဟာတွေကို ရွေးထည့်ပေးလိုက်ပါ။ အဆင့်တိုင်းကိုတော့ ရွေးပြီးထည့်ပေးရင်ပိုကောင်းပါတယ်။ Skip မလုပ်ဘဲနဲ့ပေါ့ဗျာ။ အဲဒါဆိုပိုစိတ်ချရပါတယ်။ ပြီးရင် ပထမကိုယ်ရွေးထားတဲ့ နိုင်ငံမှာနေတဲ့ Friend တစ်ယောက်နှစ်ယောက်နဲ့ ကိုယ်ကြိုက်တဲ့ Page လေးတစ်ခုနှစ်ခုလောက်ရွေးပေးလိုက်ပေါ့။ ဒါဆိုရင်တော်တော်စိတ်ချသွားရပါပြီ။
ထပ်ပြီးသတိပေးလိုက်ပါမယ် အကောင့်ထဲကိုရောက်ပြီးရင်လုံးဝ setting ထဲက User Name တို့ဘာတို့ကိုလုံးဝထပ်မပြင်မိပါစေနဲ့နော်။ ပြင်လိုက်လို့ကတော့ Phone No တောင်းပြီး Lock ကျသွားပါလိမ့်မယ်။

 ဒါကဖုန်းကနေ လုပ်နည်းလေးပါ။ Computer ကနေလုပ်နည်းလေးလည်းရှိပါသေးတယ်။ လိုချင်ကြရင် Comment လေးတွေပေးခဲ့ကြပါဗျာ။


(ကျွန်တော်ကိုယ်တိုင် အကောင့်၁၀ခုလောက်စမ်းသပ်ထားပြီးမှ သေချာရေးထားတာပါ။  တစ်ခုခုလိုအပ်ခဲ့ရင် kyawelectric@gmail.com ကိုမေးလိုက်ပါဗျာ။)

Friday, August 9, 2013

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း



          ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. ဒီကို အရင်သွားလိုက်ပါ..။
အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


















Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231

Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..  ဒီ ကိုနှိပ်လိုက်ပါ..။
10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။


















Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။

Thursday, August 8, 2013

၁၅၀၀ တန်ဆင်းကတ် ထပ်ဆင့်ရောင်းချမှု အရေးယူမည်မဟုတ်

ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။

Credit To >> The Voice Weekly <<

၁၅၀၀ကျပ်တန် CDMA800 Mec SIM Card ဇူလိုင်လအတွက်ခွဲတမ်း(၁၀၀၀)ရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အတွက် ဇူလိုင်လခွဲတမ်းအဖြစ် MEC Tel အမှတ်တံဆိပ် ၁၅၀၀ကျပ်တန် Mobile SIM Card ကဒ်(၁၀၀၀)ရရှိသည်ဟုသတင်းရရှိပါသည်။ ယင်းကဒ်များကို မည်သည့်နေ့ရက်တွင် မဲနှိုက်ရောင်းချပေးမည့်အကြောင်းကို မသိရှိရသေးကြောင်းလည်း သတင်းရရှိပါ သည်။ ရောင်းချမည့်နေရက်နှင့်အစီအစဉ်များကို အသေးစိတ်သိရှိရပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါ
သည်။



ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။

အေးချမ်းမွန် Credit To >> The Voice Weekly << Thanks
Re-posted By ACM 8-8-2013

Wednesday, August 7, 2013

မေးပါများစကားရ

မေး – မိုးဘိုင်းဖုန်းဆင်းကတ်တွေကို လစဉ်မဲနှိုက်ဝယ်ယူရတာ လေးလရှိပါပြီ။ တစ်ခါမှလည်း မပေါက် ဖူးပါဘူး။ ဒါ့ကြောင့် ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့လောက်များ ကံစမ်းမဲ မနှိုက်ရဘဲနဲ့ အလွယ်တကူ ဝယ်ခွင့်ရမှာလဲ။
မသန်းသန်းဝင်း(မင်္ဂလာတောင်ညွှန့်မြို့နယ်)
ဖြေ – မသန်းသန်းဝင်း မေးတဲ့မေးခွန်းက လူတိုင်းသိချင်နေတဲ့ မေးခွန်းပါခင်ဗျ။ လူတန်းစေ့ အလွယ်တကူနဲ့ ဖုန်းကိုင်ခွင့် မရသေးတဲ့အတွက် ပွဲစားဈေးကွက်ကနေ မဖြစ်မနေလိုသူတွေက ၁၅ဝဝ တန် ဖုန်းဆင်းကတ် ကို တစ်သိန်းပတ်ဝန်းကျင်ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။ ဒါကြောင့် မသန်းသန်းဝင်း မေးတဲ့ ကံစမ်းမဲ မနှိုက်ရဘဲ အလွယ်တကူဘယ်တော့ဝယ်ခွင့်ရမလဲဆိုတာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းကို     မေးမြန်းတဲ့အခါမှာ    ”မဲနှိုက်ပြီး ရောင်းတဲ့ စနစ်ကတော့ ကျွန်တော်တို့ ဆက်သွယ်ရေးက လုပ်တာမဟုတ်ပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့က  လုပ်တာပါ။ ကျွန်တော်တို့ဘက် က လစဉ် ဆင်းကတ်သုံးသိန်းခွဲ ပေးတာပဲရှိတယ်။ လွယ်လွယ်ကူကူဝယ်နိုင်တဲ့အခြေအနေကတော့ ဆက်သွယ်ရေး အော်ပရေတာတွေ အပြိုင်ရောင်းတဲ့ အချိန်ဖြစ်မှာပါ။ အဲဒီအချိန် ကျရင်တော့ ပြည် သူဝယ်ဖို့ သူ့ထက်ငါ အပြိုင်ရောင်းကြမှာပါ။ စိတ်ကြိုက်ဝယ်နိုင်ပါပြီ။ အခုလိုမျိုး မဲနှိုက်ဝယ်ရတဲ့ စနစ်လဲရှိတော့မှာ မဟုတ်ပါဘူး”လို့ ပြောသည်။