Sunday, May 26, 2013

မုန်တိုင်းသန္ဓေစတင်ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် INVEST 94B စတင်ဖြစ်ပေါ်ပြီ

မေလ ၂၆ရက် မြန်မာစံတော်ချိန် ညနေ၁၈း၃ဝနာရီတွင် NRL dataများအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်း၌လေဖိအား 
နည်းဆဲလ် 94B စတင် ဖြစ်ပေါ်ကြောင်း တွေ့ ရှိရပြီ ဖြစ်ပါသည်။

INVEST 94B သည် ကျောက်ဖြူမြို့အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့် အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တား မြို့ အရှေ့ တောင်ဘက် ၂၈၅ မိုင်ခန့် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၂၅၅ မိုင်ခန့် အကွာ ဘင်္ဂလား ပင်လယ်အော် အရှေ့ မြောက်ပိုင်း ပင်လယ်ပြင်တွင် တည်ရှိနေပြီး GFS ကွန်ပျူတာ မော်ဒယ်များမှ ခန့် မှန်းသည့် အချိန်ထက် စော၍ လေဖိအားနည်းဆဲလ် INVEST 94B အဖြစ် ဖေါ်ပြခြင်း ဖြစ်ကြောင်း တွေ့ ရပါသည်။

GFS SW Asia ကွန်ပျူတာ မော်ဒယ်၏ ကြိုတင်ခန့် မှန်းချက်အရ လေဖိအားနည်း ဆဲလ်သည် အနောက် ဘက်သို့ စတင်ရွေ့ လျားပြီး ပိုမို အားကောင်း လာကာ လေဖိအားနည်း ရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းငယ် အဖြစ်သို့  ရောက်ရှိ လာနိုင်မည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အားကောင်းသော မုန်တိုင်းအဆင့်သို့ မေလ ၂၈ ရက်နေ့ တွင် ရောက်ရှိပြီး အနောက်မြောက်ဘက် သို့ ဆက်လက် ရွေ့ လျားကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တစ်ဆင့် ကုန်းတွင်းသို့  ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ကြိုတင် ပုံဖေါ် ခန့် မှန်းထား ပါသည်။

94B ၏ လာမည့် ရက်များအတွင်း အမှန်တကယ် ရွေ့ လျားမှု အခြေအနေကို ဆက်လက် စောင့်ကြည့် တင်ပြပေးသွား ပါမည်။

လေဖိအားနည်းဆဲလ် INVEST 94B
26 May 2013 1200Z
Location: 18.9 90.4
Winds: 15 knots
Central Pressure: 1010 hPa

By mmweather.ygn, on May 26th, 2013
http://blog.mmweather.com/2013/05/26/invest-94b-bay-of-bengal/

Posted From mmweather page
မုန်တိုင်းသန္ဓေစတင်ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် INVEST 94B စတင်ဖြစ်ပေါ်ပြီ

မေလ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် NRL data များအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း၌ လေဖိအားနည်းဆဲလ် 94B စတင် ဖြစ်ပေါ်ကြောင်း တွေ့ ရှိရပြီ ဖြစ်ပါသည်။

INVEST 94B သည် ကျောက်ဖြူမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့ တောင်ဘက် ၂၈၅ မိုင်ခန့် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၂၅၅ မိုင်ခန့် အကွာ ဘင်္ဂလား ပင်လယ်အော် အရှေ့ မြောက်ပိုင်း ပင်လယ်ပြင်တွင် တည်ရှိနေပြီး GFS ကွန်ပျူတာ မော်ဒယ်များမှ ခန့် မှန်းသည့် အချိန်ထက် စော၍ လေဖိအားနည်းဆဲလ် INVEST 94B အဖြစ် ဖေါ်ပြခြင်း ဖြစ်ကြောင်း တွေ့ ရပါသည်။

GFS SW Asia ကွန်ပျူတာ မော်ဒယ်၏ ကြိုတင်ခန့် မှန်းချက်အရ လေဖိအားနည်း ဆဲလ်သည် အနောက်ဘက်သို့ စတင်ရွေ့ လျားပြီး ပိုမို အားကောင်း လာကာ လေဖိအားနည်း ရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းငယ် အဖြစ်သို့  ရောက်ရှိ လာနိုင်မည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အားကောင်းသော မုန်တိုင်းအဆင့်သို့ မေလ ၂၈ ရက်နေ့ တွင် ရောက်ရှိပြီး အနောက်မြောက်ဘက် သို့ ဆက်လက် ရွေ့ လျားကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တစ်ဆင့် ကုန်းတွင်းသို့  ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ကြိုတင် ပုံဖေါ် ခန့် မှန်းထား ပါသည်။

94B ၏ လာမည့် ရက်များအတွင်း အမှန်တကယ် ရွေ့ လျားမှု အခြေအနေကို ဆက်လက် စောင့်ကြည့် တင်ပြပေးသွား ပါမည်။

လေဖိအားနည်းဆဲလ် INVEST 94B
26 May 2013 1200Z
Location: 18.9 90.4
Winds: 15 knots
Central Pressure: 1010 hPa 

By mmweather.ygn, on May 26th, 2013
http://blog.mmweather.com/2013/05/26/invest-94b-bay-of-bengal/

Posted From mmweather page

0 comments:

Post a Comment