Friday, May 24, 2013

Galaxy S4 Version အသစ်ထပ်မံထုတ်လုပ်မည်

      ယခုတစ်ပတ်တွင် ကျင်းပခဲ့သည့် Google I/O ပွဲတွင် Google မှ Samsung ထုတ် Galaxy S4 ၏ ဗားရှင်းသစ်အား ထုတ်လုပ်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
       အဆိုပါ S4 ဗားရှင်းသစ်မှာ သီးသန့်ပြုလုပ်ထားသော Android Jelly Bean ကို အသုံးပြုထားကြောင်း သိရသည်။ ထို့နောက် ၎င်းမှာ LTE ကို အထောက်အပံ့ပေးမည်ဖြစ်ကာ unlock ဖုန်းအဖြစ် ရှိမည်ဖြစ်ပြီး 16 GB ရှိကြောင်း သိရသည်။ Google မှ ပြောကြားချက်များအရ အဆိုပါဖုန်းအတွင်း လက်ရှိထွက်ရှိနေသော Android ထက် ပိုမို update ဖြစ်သော Android ဗားရှင်းကို ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းယခုကဲ့သို့ ကန့်သတ်ထုတ်လုပ်မှုဖြစ်သဖြင့် ဈေးနှုန်းမှာလည်း ကြီးမြင့်မည်ဖြစ်ကာ ဈေးနှုန်းမှာ ဒေါ်လာ ၆၄၉ ရှိမည် ဖြစ်ကြောင်း သိရသည်။ ဖုန်းမှာ ဇွန်လ ၂၆ ရက်နေ့တွင် ထွက်ရှိမည်ဖြစ်သည်။
 



 Ref & Credit to Smart Pro Journal

0 comments:

Post a Comment