Wednesday, September 25, 2013

Facebook Account တစ်ခုကို ဖုန်းပေါ်ကနေလုပ်ရအောင်(100% စမ်းသပ်ပြီးပါပြီ)

ဒီနည်းကတော့ ကျွန်တော်ကိုယ်တိုင်လုံးဝစမ်းသပ်ပြီးပါပြီ။ ကျွန်တော်ကိုယ်တိုင်အကောင့်(၁၀)ခုလောက်လုပ်ပြီး သေချာမှတင်ပေးထားတဲ့နည်းလေးပါ။ ကဲစကြရအောင်ဗျာ။
Facebook အကောင့်ကိုမြန်မာနိုင်ငံကလုပ်မရဘူးဆိုတာကိုလူတိုင်းသိပြီးကြပြီထင်တယ်နော်။ ဒါဆို ကျွန်တော်တို့မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံတစ်ခုခုကလုပ်ရင်ရပြီပေါ့။ ဒါဆိုတခြားနိုင်ငံကိုသွားလုပ် ရမှာလားဆိုတော့မလိုပါဘူး။ Virtual Private Network တစ်ခုလုပ်ပြီး သူများနိုင်ငံကလုပ်နေသလိုနဲ့ Facebook ကိုလှည့်စားကြည့်ကြရအောင်ဗျာ။

Facebook အကောင့်တစ်ခုလုပ်ဖို့အတွက် Gmail အကောင့်ကိုတော့ မိမိတို့ရဲ့ Android ဖုန်းကနေဘဲ အလွယ်တကူလုပ်လို့ရပါတယ်။ Gmail ရပြီဆိုရင်တော့ Facebook စလုပ်ကြရအောင်ဗျာ။

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆော့ဖ်ဝဲနှစ်ခု (EasyOvpn နဲ့ OpenVPNconnect)တွေကို ဒေါင်းပြီး ဖုန်းထဲမှာ Install လုပ်လိုက်ပါ။ (OpenVPNconnect ကတော့ Android Version 4.0 လောက်မှအလုပ်လုပ်ပါတယ်။) ပြီးရင်
2. EasyOvpn ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း မြင်ရရင်အပေါ်ဆုံးက ကြိုက်တဲ့နိုင်ငံတစ်ခု ကိုရွေးလိုက်ပါ။ ဒီထဲမှာတော့ ဥပမာအနေနဲ့ ဂျပန်ကိုရွေးထားပါတယ်။



3. ပြီးရင် အောက်ကပုံအတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ




5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ


6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။

7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ



8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





သတိပေးချက်။       အရေးကြီးပါတယ်။ သေချာဖတ်ပေးပါ။
သူများတွေပြောသလိုမျိုး English တစ်ခုခုပေးရမယ်ဆိုတာတော့ ကျွန်တော်လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့နာအမည်ပေးပြီး လုပ်ပြီးသွားလို့ပါ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ User Name ကိုတော့ တစ်ခါတည်းအပြီးရွေးပေးပါ။ ဖြစ်နိုင်ရင် အဲဒီ User Name နဲ့ Gmail User Name တူရင်တော့ အကောင်းဆုံးပါဘဲ။ မွေးနေ့တွေကအစ Gmail နဲ့တူရင်ပိုအဆင်ပြေပါမယ်။ Accout လုပ်ပြီးရင်တော့ ဘယ် setting ထဲကို ၀င်မပြင်တော့ရင်ပိုကောင်းပါတယ်။
ကျောင်းအမည်တို့၊ အလုပ်အကိုင်နာမည်တို့ကို ကိုယ်ထင်တဲ့အစ စာလုံးလေးတစ်လုံးလောက်ရိုက်ထည့်ပြီး သူ့ဆီမှာပေါ်လာတဲ့အထဲကဟာတွေကို ရွေးထည့်ပေးလိုက်ပါ။ အဆင့်တိုင်းကိုတော့ ရွေးပြီးထည့်ပေးရင်ပိုကောင်းပါတယ်။ Skip မလုပ်ဘဲနဲ့ပေါ့ဗျာ။ အဲဒါဆိုပိုစိတ်ချရပါတယ်။ ပြီးရင် ပထမကိုယ်ရွေးထားတဲ့ နိုင်ငံမှာနေတဲ့ Friend တစ်ယောက်နှစ်ယောက်နဲ့ ကိုယ်ကြိုက်တဲ့ Page လေးတစ်ခုနှစ်ခုလောက်ရွေးပေးလိုက်ပေါ့။ ဒါဆိုရင်တော်တော်စိတ်ချသွားရပါပြီ။
ထပ်ပြီးသတိပေးလိုက်ပါမယ် အကောင့်ထဲကိုရောက်ပြီးရင်လုံးဝ setting ထဲက User Name တို့ဘာတို့ကိုလုံးဝထပ်မပြင်မိပါစေနဲ့နော်။ ပြင်လိုက်လို့ကတော့ Phone No တောင်းပြီး Lock ကျသွားပါလိမ့်မယ်။

 ဒါကဖုန်းကနေ လုပ်နည်းလေးပါ။ Computer ကနေလုပ်နည်းလေးလည်းရှိပါသေးတယ်။ လိုချင်ကြရင် Comment လေးတွေပေးခဲ့ကြပါဗျာ။


(ကျွန်တော်ကိုယ်တိုင် အကောင့်၁၀ခုလောက်စမ်းသပ်ထားပြီးမှ သေချာရေးထားတာပါ။  တစ်ခုခုလိုအပ်ခဲ့ရင် kyawelectric@gmail.com ကိုမေးလိုက်ပါဗျာ။)

3 comments:

  1. Computer က အကောက်ဖွင့်ချင်လို့ ပါ။

    ReplyDelete
  2. အစ်ကို fb Lock ကျတာ ဘယ်လိုပြန်ဖွင့်ရမလည်းဗျ

    ReplyDelete
  3. yekhantsoe ရေခုမှတွေ့လို့ဝင်ဖြစ်သွားတာပါ။ Sorry. ရသွားပြီလား

    ReplyDelete