Wednesday, August 7, 2013

မေးပါများစကားရ

မေး – မိုးဘိုင်းဖုန်းဆင်းကတ်တွေကို လစဉ်မဲနှိုက်ဝယ်ယူရတာ လေးလရှိပါပြီ။ တစ်ခါမှလည်း မပေါက် ဖူးပါဘူး။ ဒါ့ကြောင့် ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့လောက်များ ကံစမ်းမဲ မနှိုက်ရဘဲနဲ့ အလွယ်တကူ ဝယ်ခွင့်ရမှာလဲ။
မသန်းသန်းဝင်း(မင်္ဂလာတောင်ညွှန့်မြို့နယ်)
ဖြေ – မသန်းသန်းဝင်း မေးတဲ့မေးခွန်းက လူတိုင်းသိချင်နေတဲ့ မေးခွန်းပါခင်ဗျ။ လူတန်းစေ့ အလွယ်တကူနဲ့ ဖုန်းကိုင်ခွင့် မရသေးတဲ့အတွက် ပွဲစားဈေးကွက်ကနေ မဖြစ်မနေလိုသူတွေက ၁၅ဝဝ တန် ဖုန်းဆင်းကတ် ကို တစ်သိန်းပတ်ဝန်းကျင်ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။ ဒါကြောင့် မသန်းသန်းဝင်း မေးတဲ့ ကံစမ်းမဲ မနှိုက်ရဘဲ အလွယ်တကူဘယ်တော့ဝယ်ခွင့်ရမလဲဆိုတာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းကို     မေးမြန်းတဲ့အခါမှာ    ”မဲနှိုက်ပြီး ရောင်းတဲ့ စနစ်ကတော့ ကျွန်တော်တို့ ဆက်သွယ်ရေးက လုပ်တာမဟုတ်ပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့က  လုပ်တာပါ။ ကျွန်တော်တို့ဘက် က လစဉ် ဆင်းကတ်သုံးသိန်းခွဲ ပေးတာပဲရှိတယ်။ လွယ်လွယ်ကူကူဝယ်နိုင်တဲ့အခြေအနေကတော့ ဆက်သွယ်ရေး အော်ပရေတာတွေ အပြိုင်ရောင်းတဲ့ အချိန်ဖြစ်မှာပါ။ အဲဒီအချိန် ကျရင်တော့ ပြည် သူဝယ်ဖို့ သူ့ထက်ငါ အပြိုင်ရောင်းကြမှာပါ။ စိတ်ကြိုက်ဝယ်နိုင်ပါပြီ။ အခုလိုမျိုး မဲနှိုက်ဝယ်ရတဲ့ စနစ်လဲရှိတော့မှာ မဟုတ်ပါဘူး”လို့ ပြောသည်။

0 comments:

Post a Comment