Laputtauptodate DEMO slide 2

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 3

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 4

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 5

This photo is testing for LAPUTTA UP TO DATE blog.

Showing posts with label အရေးပေါ်မိုးလေဝသသတင်း. Show all posts
Showing posts with label အရေးပေါ်မိုးလေဝသသတင်း. Show all posts

Sunday, June 2, 2013

INVEST 97B အားကောင်းလာခြင်းမရှိ – မြောက်ဘက်သို့ ရွေ့လျားလာ

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 97B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့ဘက် မိုင် ၂ဝ ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၆ဝ ခန့်အကွာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

INVEST 97B မှာ ပိုမိုအားကောင်းလာသည့် အခြေအနေမရှိပါ၊ ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 1200Z
Location: 14.1 93.7
Winds: 15 knots
Central Pressure: 1010 hPa
2JUN-1830MST
ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် တွေ့မြင်ရသည့် လေဖိအားနည်းဆဲလ် INVEST 97B အခြေအနေနှင့် သတိပြု စောင့်ကြည့်ရမည့် တိမ်တိုက်များ .. (Below)
2JUN-1830MST-clouds

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေတွေ့ရ

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် INVEST 97B စတင်ဖြစ်ပေါ်

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၄း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 97B စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။
ကနဦးရရှိသည့် 97B ၏ တည်နေရာမှာ 13°11’60.00″N နှင့် 93°30’0.00″E ဖြစ်ပြီး၊ မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်ဘက် ၆၅ မိုင်ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၂ဝ ခန့် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိနေပြီး၊ ရွေ့လျားမှု အခြေအနေနှင့် အင်အား ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေတို့ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 0600Z
Location: 13.2 93.5
Winds: 15 knots
Central Pressure: 1010 hPa
  ပုံ(၁) INVEST 97 ကနဦးတည်နေရာ (အောက်ပုံ)
 2JUN-1430MST
 ပုံ(၂) INVEST 97B ဖြစ်ပေါ်ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း တိမ်ထုစုဖွဲ့ ဖြစ်တည်မှု အခြေအနေပြပုံ (အောက်ပုံ)
 2JUN-1430MST-clouds