Laputtauptodate DEMO slide 2

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 3

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 4

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 5

This photo is testing for LAPUTTA UP TO DATE blog.

Friday, August 9, 2013

ဖုန်းမလိုပဲ.. Gtalk & Facebook အကောင့်သစ်ဖွင့်နည်း



          ပထမဆုံး..Gmail account အသစ်ဖွင့်နည်းလေး..ပြောလိုက်ကြရအောင်..
ထုံစံအတိုင်း.. အကောင့်သစ်ဖွင့်ချင်ရင် www.gmail.com ကိုသွား.. ညာဘက်က.. Create New Account ကိုနှိပ်လိုက်ပါ..။
Form ဖြည့်ဖို့ကျလာရင်.. ကိုယ်ကြိုက်တဲ့နာမည်နဲ့... password တွေပေးပြီးဖြည့်လိုက်ပါ...။

 အဲ့မှာ..ဖုန်းနာပါတ်နေရာမှာ..ဘာမှမဖြည့်ပါနဲ့...။
ဒီတိုင်းထားပြီး.. I agree ဆိုတာ.အမှန်ခြစ်ခြစ်ပြီး.. Next ကိုဆက်နှိပ်လိုက်ပါ.။
ဖုန်းနာပါတ်တောင်းပါလိမ့်မယ်.။ Virtual phone number တစ်ခုယူဖို့အတွက်. ဒီကို အရင်သွားလိုက်ပါ..။
အောက်ကပုံစံအတိုင်း..ပေါ်လာပါလိမ့်မယ်...။


















Sign Up Here ကိုနှိပ်လိုက်ပါ..။
Email နေရာမှာ.မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Re-enter Email နေရာမှာလည်း..မိမိရဲ့.. gmail ဖြည့်လိုက်ပါ.။
Security Code နေရာမှာ ကိုယ်ကြိုက်တဲ့. ဂဏန်း.. ၄ လုံးပေးလိုက်ပါ..။ ဥပမာ 1234
အောက်ကမေးခွန်းတွေမှာ..ရွေးထားတဲ့ဟာလေးတွေကို..ဒီတိုင်းပဲထားပါ..ဘာမှမပြောင်းပါနဲ့..။
CAPCHA လုပ်ခိုင်းတဲ့စာလုံးတွေကို..ရိုက်ပေးလိုက်ပါ..။
အားလုံးပြီးရင်.. submit နှိပ်လိုက်ပါ..။
သင့်ရဲ့..Virtual phone number နဲ့.. gmail လိပ်စာကို.ပြပါလိမ့်မယ်..။ သေသေချာချာမှတ်ထားပါ.။

Email: yourname@gmail.com
Phone Number: 206-984-8231

Security Code: 1233

အဲ့လိုပုံစံနဲ့ပြပါလိမ့်မယ်.။ သေသေချာချာမှတ်ထားပါ..။

Gmail ပြန်သွားကြရအောင်နော်... ဟီး..
Gmail မှာ..Next ကိုနှိပ်လိုက်တော့.. Voice Mail ? Text Message ပို့မှာလားဆိုပြီး. ဖုန်းနာပါတ်တောင်းပါလိမ့်မယ်..။
အဲ့နေရာမှာ.. Voice mail ကိုေ၇ွးပြီး.. ခုနက.ရလာတဲ့.. Virtual phone number ကိုထည့်ပေးလိုက်ပါ..။
ဖုန်းနာပါတ်က.. 206-984-8231 ဆိုရင်.. - တွေကို ဖြုတ်ပြီး.. 2069848231 လို့ထည့်ပေးလိုက်ပါ..။
1 မိနစ်အတွင်. www.k7.net ကို.. voice mail ၀င်လာပါလိမ့်မယ်..။
 voice mail ကို.. နားထောင်ဖို့..  ဒီ ကိုနှိပ်လိုက်ပါ..။
10 digit Phone Number OR Master Email Address:  နေရာမှာ.. ခုနက Gmail ထဲဝင်လာတဲ့ ဖုန်းနာပါတ်ကို ထည့်လိုက်ပါ..။ - တွေမပါပါစေနဲ့..။ ဥပမာ.. 2069848231 လို့ပဲပေးလိုက်ပါ..။
Security Code OR Master Security Code: ကိုယ်ပေးခဲ့တဲ့.. ဂဏန်းလေး လုံးကိုရိုက်လိုက်ပါ..။
 Check for messages ကိုနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း.. voice mail ကိုတွေ့ပါလိ့မ်မယ်.။


















Save to Disk ကိုနှိပ်ပြီး.. download ဆွဲလိုက်ပါ.။ Download ဆွဲပြီးရင်..နားထောင်ကြည့်လိုက်ပါ.။ ဂဏန်း ၆ လုံးပါတဲ့..code number ပြောပါလိမ့်မယ်.။
အဲ့ဒီ code number ကို.. ခုနက Gmail က တောင်းတဲ့နေရာမှာဖြည့်ပေးလိုက်ပါ.။
ဒါဆိုရင်လည်း. Gmail အတွက်..အဆင်ပြေသွားပါပြီ...။

Facebook အကောင့်သစ်ဖွင့်နည်း
Facebook မှာ..ဖုန်းနာပါတ်မတောင်းစေချင်ရင်.. လွယ်ပါတယ်.။
First Name နဲ့ Last Name ကို.. English ပဲ..ထားပြီး..ဖွင့်လိုက်ပါ.။
ဥပမာ.. First Name>>> Jhon    ,    Last Name >>> Smit
အဲ့လိုမျိုး..English နာမည်ပေးလိုက်ရင်.. အိုကေသွားပါလိမ့်မယ်..။
နောက်မှ.ကိုယ်ကြိုက်တဲ့နာမည်...ပြန် ပြောင်းပေးလိုက်ပါ..။
စစဖွင့်ချင်းတော့.. English နာမည်ပဲ..ပေးလိုက်ပါ.။
Facebook မှာ.ဖုန်းနာပါတ်တောင်းရင်.. msg ပဲပို့ပါတယ်..။
K7.net က.. voice mail ပဲရပါတယ်..။
msg အ၀င်လက်မခံပါဘူး..။

Thursday, August 8, 2013

၁၅၀၀ တန်ဆင်းကတ် ထပ်ဆင့်ရောင်းချမှု အရေးယူမည်မဟုတ်

ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။

Credit To >> The Voice Weekly <<

၁၅၀၀ကျပ်တန် CDMA800 Mec SIM Card ဇူလိုင်လအတွက်ခွဲတမ်း(၁၀၀၀)ရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အတွက် ဇူလိုင်လခွဲတမ်းအဖြစ် MEC Tel အမှတ်တံဆိပ် ၁၅၀၀ကျပ်တန် Mobile SIM Card ကဒ်(၁၀၀၀)ရရှိသည်ဟုသတင်းရရှိပါသည်။ ယင်းကဒ်များကို မည်သည့်နေ့ရက်တွင် မဲနှိုက်ရောင်းချပေးမည့်အကြောင်းကို မသိရှိရသေးကြောင်းလည်း သတင်းရရှိပါ သည်။ ရောင်းချမည့်နေရက်နှင့်အစီအစဉ်များကို အသေးစိတ်သိရှိရပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါ
သည်။



ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။

အေးချမ်းမွန် Credit To >> The Voice Weekly << Thanks
Re-posted By ACM 8-8-2013

Wednesday, August 7, 2013

မေးပါများစကားရ

မေး – မိုးဘိုင်းဖုန်းဆင်းကတ်တွေကို လစဉ်မဲနှိုက်ဝယ်ယူရတာ လေးလရှိပါပြီ။ တစ်ခါမှလည်း မပေါက် ဖူးပါဘူး။ ဒါ့ကြောင့် ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့လောက်များ ကံစမ်းမဲ မနှိုက်ရဘဲနဲ့ အလွယ်တကူ ဝယ်ခွင့်ရမှာလဲ။
မသန်းသန်းဝင်း(မင်္ဂလာတောင်ညွှန့်မြို့နယ်)
ဖြေ – မသန်းသန်းဝင်း မေးတဲ့မေးခွန်းက လူတိုင်းသိချင်နေတဲ့ မေးခွန်းပါခင်ဗျ။ လူတန်းစေ့ အလွယ်တကူနဲ့ ဖုန်းကိုင်ခွင့် မရသေးတဲ့အတွက် ပွဲစားဈေးကွက်ကနေ မဖြစ်မနေလိုသူတွေက ၁၅ဝဝ တန် ဖုန်းဆင်းကတ် ကို တစ်သိန်းပတ်ဝန်းကျင်ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။ ဒါကြောင့် မသန်းသန်းဝင်း မေးတဲ့ ကံစမ်းမဲ မနှိုက်ရဘဲ အလွယ်တကူဘယ်တော့ဝယ်ခွင့်ရမလဲဆိုတာကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းကို     မေးမြန်းတဲ့အခါမှာ    ”မဲနှိုက်ပြီး ရောင်းတဲ့ စနစ်ကတော့ ကျွန်တော်တို့ ဆက်သွယ်ရေးက လုပ်တာမဟုတ်ပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့က  လုပ်တာပါ။ ကျွန်တော်တို့ဘက် က လစဉ် ဆင်းကတ်သုံးသိန်းခွဲ ပေးတာပဲရှိတယ်။ လွယ်လွယ်ကူကူဝယ်နိုင်တဲ့အခြေအနေကတော့ ဆက်သွယ်ရေး အော်ပရေတာတွေ အပြိုင်ရောင်းတဲ့ အချိန်ဖြစ်မှာပါ။ အဲဒီအချိန် ကျရင်တော့ ပြည် သူဝယ်ဖို့ သူ့ထက်ငါ အပြိုင်ရောင်းကြမှာပါ။ စိတ်ကြိုက်ဝယ်နိုင်ပါပြီ။ အခုလိုမျိုး မဲနှိုက်ဝယ်ရတဲ့ စနစ်လဲရှိတော့မှာ မဟုတ်ပါဘူး”လို့ ပြောသည်။

Tuesday, August 6, 2013

တယ်လီနောက ဆက်သွယ်ရေး ကွန်ရက်အတွက် Huawei ကို ရွေးချယ်

ရန်ကုန်၊ သြဂုတ် ၅

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် တင်ဒါ အောင်မြင် ထားသော နော်ဝေ ကုမ္ပဏီ တယ်လီနောက မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် တရုတ် အခြေစိုက် Huawei ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး ကုမ္ပဏီများထံမှ စုံစမ်း သိရှိရသည်။

တယ်လီနောက နိုင်ငံတကာ အတွေ့အကြုံရှိပြီး Huawei က မြန်မာနိုင်ငံ ဈေးကွက်နှင့် ရေမြေ အနေအထားကို ကျွမ်းကျင်သည့် အတွက် ရှယ်ယာ ဝေစု အများဆုံးဖြင့် အဓိက လုပ်ကိုင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေး လုပ်ငန်းအတွက် Huawei က အမေရိကန် ဒေါ်လာ တစ် ဘီလီယံ ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ကနဦး အသုံးစရိတ် ရင်းနှီးမြှုပ်နှံမှု ကာလ ငါးနှစ်နှင့် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကာလ ရှစ်နှစ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

Huawei က ဆက်သွယ်ရေး တာဝါတိုင်များကို ရန်ကုန်မြို့ အပါအဝင် အချက်အချာကျသော နေရာ များတွင် တည်ဆောက်ခြင်း၊ ကြိုးမဲ့ (Wireless) စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများ ပေးသွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လုပ်ငန်း သဘောတူ အချက်အလက်များအရ သိရသည်။

Huawei က အခြား ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော အော်ရီဒူးနှင့် လည်း ဆက်သွယ်ရေး ပစ္စည်း လက်လီ ရောင်းချသည့် လုပ်ငန်း ချိတ်ဆက် လုပ်ကိုင်ခွင့် ရရှိရန် ပြင်ဆင်နေသည်။

Huawei ကုမ္ပဏီသည် တစ်ကမ္ဘာလုံးရှိ ထိပ်တန်း အော်ပရေတာ ၅၀ တွင် ၄၅ ခုနှင့် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်း များ ပေးသွင်းခြင်းလုပ်ငန်း ချိတ်ဆက် လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီများ တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံ၌ ဆက်သွယ်ရေး တင်ဒါ လိုင်စင် အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီ ၁၁ ခုလုံး ပါဝင်သည်။

တယ်လီနော ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ စတင်၍ Huawei နှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး Huawei သည် လက်ရှိ တယ်လီနော၏ အဓိက ဆက်သွယ်ရေးပစ္စည်း ထောက်ပံ့သူ ဖြစ်သည်။

တယ်လီနောနှင့် Huawei မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍ လုပ်ကိုင် ရန် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ တယ်လီနော မြန်မာ ကုမ္ပဏီထံ ဆက်သွယ် မေးမြန်းထားသော်လည်း သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းအထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

Huawei ကမူ ယင်းသတင်းများကို ငြင်းဆိုခြင်း မပြုပေ။

Monday, August 5, 2013

လပွတ္တာမြို့သာသနာ့ဗိမာန်တော်အသစ်ပြန်လည်မွမ်းမံပြင်ဆင်မှုပြီးစီး

    လပွတ္တာမြို့ သာသနာ့ဗိမာန်တော်ကြီးကို လပွတ္တာမြို့နယ်အသင်း(ရန်ကုန်) အမှုဆောင်အဖွဲ့မှ လူမှုရေးအခမ်းအနားများတွင် ပြန်လည်အသုံးပြုရန် ရည်ရွယ်၍ အသစ်ပြန်လည်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ယခုအခါအတွင်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီးဖြစ်၍ ရေစက်ချ အခမ်းအနားကိုပြုလုပ်ခဲ့ပါသည်။


MMSD Smart Zawgyi V1.0

အရင် Beta2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Android 4.0 နဲ့အထက်ရှိရင်အသုံးပြုနိုင်ပါတယ်။
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
http://www.mediafire.com/download/c9oblggq47h3sgz/MMSD_Smart_Zawgyi_v1.0.apk

1098074_586902108019682_1617524580_n

Screenshot_1980-01-06-08-21-41 Screenshot_1980-01-06-08-21-47 Screenshot_1980-01-06-08-22-39


















Screenshot_1980-01-06-08-22-56

မြောင်းမြမြို့ ရွှေဂူကျေးရွာတွင် ရှေးဟောင်းစကြာရှင် ရွှေဂူကြီးဘုရား ပြိုကျရာမှ ရရှိခဲ့သော ပုဂံခေတ် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းထားရှိ

8.5.1
ရွှေဂူကြီး ဘုရားအတွင်းမှ ရရှိသော ရှေးဟောင်း ရုပ်ပွားတော်များ
မြောင်းမြမြို့ လပွတ်ကုလားကျးရွာအုပ်စု ရွှေဂူကျေးရွာတွင်အလောင်းစည်သူမင်းကြီးဖောင်တော်ဆိုက်ရာမှ တည်ထားကိုးကွယ် ခဲ့သည်ဆိုသော စကြာရှင်ရွှေဂူကြီးဘုရား အထက်ပိုင်းပြိုကျရာမှ ရရှိခဲ့သော ပုဂံခေတ် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းထားရှိကြောင်း သိရသည်။
စကြာရှင် ရွှေဂူကြီးဘုရားမှာ အနားတစ်ဖက် ပေ ၃၀ ခန့်ဖြင့် အခြေလေးထောင့်ပေါ်တွင် တည်ထားသော ဂူဘုရားပုံစံဖြစ်ပြီး နှစ်ကာလ ကြာမြင့်မှုကြောင့် ပြိုကျပျက်စီးကာ အလယ်တွင် ပလ္လင်ခုံသာ ကျန်ရှိတော့ပြီး၊ ယခုအခါ အသစ်ထပ်မံ တည်ထားလျက် ရှိသည်။
ဘုရားကြီး အထက်ပိုင်း ပြိုကျရာမှ မြတ်စွာဘုရား ဓာတ်တော် ၂၆ ဆူ၊ ရွှေဘုရား နှစ်ဆူ၊ ငွေဘုရား ၂၈ ဆူ၊ အုတ်ခွက်ဘုရား အကြီး ၅၄ ဆူ၊ အုတ်ခွက်ဘုရား အသေး ၁၆၇ ဆူ၊ ကျောက်ဆင်းတု ၉၃ ဆူ၊ ကြေးဘုရား တစ်ဆူ၊ ရှင်သီဝလိ ရဟန္တာနှစ်ဆူ၊ စုစုပေါင်း ရှေးဟောင်းပစ္စည်း ဌာပနာများ ၃၇၃ မျိုး ရရှိခဲ့ပြီး ရှေးဟောင်းဌာပနာ ပစ္စည်းများမှာ ပုဂံခေတ်နှင့် အင်းဝခေတ် လက်ရာများ ဖြစ်ကြောင်း ဘုရားကြီးရှိ မှတ်တမ်းများအရ သိရသည်။
''ရွှေဂူကြီးဘုရားကိုအလောင်းစည်သူမင်းကြီးမြောင်းမြမှာ ဖောင်တော်ဆိုက်ကပ်တုန်းကတည်ထားတယ်လို့ သမိုင်းစကားတွေက ပြောကြတယ်။ဘုရားကြီးနဲ့သိပ်မဝေးတဲ့ နေရာမှာမင်းတရားကြီး ဖောင်တော်ဆိုက်ကပ် ခဲ့တယ်လို့ဆိုတဲ့ နေရာလဲရှိတယ်။ ဘုရားကြီးကရတဲ့ ရှေးဟောင်း ဌာပနာတွေကို အခု ဘုရားကြီး အသစ် ပြန်တည်နေတဲ့ အချိန်မှာ အပြင်မှာပဲ ထိန်းသိမ်းထားတယ်။ ရွှေဘုရား၊ ငွေဘုရား တွေကိုတော့ သီးသန့်ခွဲပြီး ထိန်းသိမ်းထားတယ်'' ဟု ဘုရားကြီးအသစ် တည်ဆောက်ရာတွင် သာသနာပြုနေသူ ဦးပဉ္ဇင်းတစ်ပါးက မိန့်ကြားသည်။
စကြာရှင် ရွှေဂူကြီး ဘုရားကို ရှေးဟောင်း သုတေသနဦးစီးဌာနမှလည်းလာရောက်ကွင်းဆင်း လေ့လာခဲ့ပြီး ဘုရားကြီးကို ရှေးဟောင်း အဆောက်အအုံ အမှတ်(MM-၁၅၈)အဖြစ် မှတ်တမ်း တင်ထားကြောင်း သိရ သည်။