Sunday, June 2, 2013

INVEST 97B အားကောင်းလာခြင်းမရှိ – မြောက်ဘက်သို့ ရွေ့လျားလာ

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 97B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့ဘက် မိုင် ၂ဝ ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၆ဝ ခန့်အကွာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

INVEST 97B မှာ ပိုမိုအားကောင်းလာသည့် အခြေအနေမရှိပါ၊ ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 1200Z
Location: 14.1 93.7
Winds: 15 knots
Central Pressure: 1010 hPa
2JUN-1830MST
ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် တွေ့မြင်ရသည့် လေဖိအားနည်းဆဲလ် INVEST 97B အခြေအနေနှင့် သတိပြု စောင့်ကြည့်ရမည့် တိမ်တိုက်များ .. (Below)
2JUN-1830MST-clouds

0 comments:

Post a Comment