Sunday, June 2, 2013

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် INVEST 97B စတင်ဖြစ်ပေါ်

ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၄း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 97B စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။
ကနဦးရရှိသည့် 97B ၏ တည်နေရာမှာ 13°11’60.00″N နှင့် 93°30’0.00″E ဖြစ်ပြီး၊ မြန်မာနိုင်ငံ ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ တောင်ဘက် ၆၅ မိုင်ခန့်၊ လပွတ္တာမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၂ဝ ခန့် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိနေပြီး၊ ရွေ့လျားမှု အခြေအနေနှင့် အင်အား ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေတို့ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် INVEST 97B
02 Jun 2013 0600Z
Location: 13.2 93.5
Winds: 15 knots
Central Pressure: 1010 hPa
  ပုံ(၁) INVEST 97 ကနဦးတည်နေရာ (အောက်ပုံ)
 2JUN-1430MST
 ပုံ(၂) INVEST 97B ဖြစ်ပေါ်ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း တိမ်ထုစုဖွဲ့ ဖြစ်တည်မှု အခြေအနေပြပုံ (အောက်ပုံ)
 2JUN-1430MST-clouds

0 comments:

Post a Comment