Saturday, July 13, 2013

မျိုးစောင့်ဥပဒေ(မူကြမ်း)ဆန္ဒသဘောထားကောက်ခံ

လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ စက်တော်ရာကျောင်းတိုက်ရှေ့တွင် (၁၄-၇-၂၀၁၃)ရက်နေ့မှ (၂၃-၇-၂၀၁၃)ရက်နေ့အထိမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးအတွက် ဆန္ဒသဘောထားလက်မှတ်ကောက်ယူမည်ဟု သတင်းရရှိပါသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲကို ဆရာတော်/သံဃာတော်များနှင့် အဖွဲ့အစည်းအချို့မှ လူပုဂ`ဂိုလ်များမှဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းကိုလည်းသိရှိရပါသည်။အဆိုပါပွဲတွင် မြန်မာဗုဒ`ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)နှင့် ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်၍ ဥပဒေ(မူကြမ်း)တို့ကို လူထုဆန္ဒသဘောထား ကောက်ခံမည်ဖြစ်ကြောင်းနှင့် လက်ကမ်းစာစောင်များ လည်းဖြန့်ဝေမည်ဖြစ်ကြောင်း ရှိရပါသည်။



0 comments:

Post a Comment