Monday, July 8, 2013

မြန်မာနိုင်ငံအတွက် လုံလောက်သော ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို တစ်နှစ်ခွဲမှ နှစ်နှစ်အတွင်း အပြီးတည်ဆောက်နိုင်မည်



7.8.7
စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့်တိုက် တစ်ခုပေါ်မှ မိုဘိုင်းတာဝါ တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွက် လုံလောက်သော ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို လုပ်ကိုင်ခွင့်ရ ဆက်သွယ်ရေး အော်ပရေတာလေးခုက လာမည့် တစ်နှစ်ခွဲမှ နှစ်နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် DAT ကုမ္ပဏီ မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
''လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိုင်စီတီဟာ အရေးပါတယ်ဆိုတာ အားလုံး လက်ခံထားပြီးသား ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် လက်ရှိဆက်သွယ်ရေး အခြေခံ အဆောက်အအုံဟာ မလုံလောက်သေးဘဲ အားနည်းနေဆဲ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ခဲ့တာ အခုဆိုရင် အော်ပရေတာ လေးခုကနေ ၀န်ဆောင်မှု ပေးတော့မှာ ဖြစ်ပါတယ်။ ဒီအော်ပရေတာ လေးခုနဲ့ လာမယ့် တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းမှာ လုံလောက်တဲ့ အခြေခံ အဆောက်အအုံ တွေကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအတွက် မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့တို့နှင့်အတူ မကြာသေးမီက ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားသော Telenor နှင့် Ooredoo ကုမ္ပဏီတို့က အပြိုင် ၀န်ဆောင်မှု ပေးကြဖွယ်ရှိပြီး ထိုသို့ ၀န်ဆောင်မှု ပေးနိုင်ရန် စောင့်မျှော်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင်များမှာ နှစ်ထောင်ဝန်းကျင်သာ ရှိသေးပြီး ယင်းပမာဏ၏ ဆယ်ဆဖြစ်သော နှစ်သောင်းဝန်းကျင်ထိ တိုးချဲ့သွားရန် လိုအပ်ကြောင်း သိရသည်။
Ref: Eleven Media

0 comments:

Post a Comment