Tuesday, July 16, 2013

"ဆက်သွယ်ရေးဥပဒေကြမ်း" ကို ကိုယ်တိုင်သွားရောက်ဆွေးနွေးကြသူများ

ဆယ်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထားရှိသော "ဆက်သွယ်ရေးဥပဒေကြမ်း" ကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်လျက် ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုပါက ၁၂-၇-၂၀၁၃ ရက်နေ့မှ ၁၅-၇-၂၀၁၃ နေ့အထိ နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်းကော်မတီ ရေးရာဆောင်သို့ ကိုယ်တိုင်လာရောက် အကြံပြုဆွေးနွေးနိုင်ပါကြောင်း ကြေညာဖိတ်ခေါ်ခဲ့သဖြင့် Myanmar ICT for Development Organization (MIDO) မှ Executive Director ဖြစ်သူ ကိုနေဘုန်းလတ်နှင့် Vice-Executive Director ဖြစ်သူ ကိုညီညီ(သံလွင်)တို့က ဇူလိုင်လ ၁၄ ရက်နေ့တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်း ကော်မတီ ရေးရာဆောင် အမှတ် (အိုင် ၂) သို့ သွားရောက်၍ အကြံပြုချက်များကို ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ အကြံပြုချက်များကို အောက်ဖော်ပြပါ Link များတွင် သွားရောက် Download ရယူနိုင်ပါသည်။

http://www.mediafire.com/?kvq96kilz73twnl
http://www53.zippyshare.com/v/74940343/file.html 
Ref; Nay Phone Latt

0 comments:

Post a Comment