Saturday, July 13, 2013

မြန်မာ့ဆက်သွယ်ရေးသို့ ပြန်လည်အပ်နှံရန် စီစဉ်နေ။ ပြန်လည် လက်ခံခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု စီစဉ်သူများဆို


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၂၀၀၉ ခုနှစ်အတွင်း စတင်ငှားရမ်းခဲ့သော (၁၅)သိန်းတန် ဂျီအက်စ်အမ်ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ပြန်လည်အပ်နှံပြီး ငှားရမ်းခများအား ပြန်လည်ထုတ်ယူနိုင်ရန် စီစဉ်လျှက် ရှိကြောင်း အပ်နှံရန် စီစဉ်နေသူများက ပြောဆိုလိုက်သည်။
ပြန်လည် လက်ခံခြင်းမရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

” ကျွန်တော်တို့ စတင်သုံးစွဲဖို့ လျှောက်ထားကတည်းက ဂျီအက်စ်အမ်ဖုန်းလိုင်း ငှားရမ်းခွင့်ဆိုပြီး လျှောက်ထားခဲ့ရတာပါ။ ဒါကြောင့် ခုချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်အပ်နှံပြီး ကျွန်တော်တို့ ငွေတွေကို ပြန်လည်ထုတ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်တာပါ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်အပ်နှံတာကို လက်မခံဘူးဆိုရင် ဥပဒေကြောင်းရ တရားစွဲဆိုဖို့ ပြင်ဆင်သွားမှာပါ” ။ ဂျီအက်စ်အမ်ဖုန်း ပြန်လည်အပ်နှံရန် စီစဉ်နေသူ ခေါင်းဆောင်တဦးက ပြောကြားခဲ့သည်။
ရွှေပြည်တံခွန်ကုမ္ပဏီမှ ၅၀၀၀တန် ဖုန်းသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ပြည်သူလူထုအတွင်း ဖုန်းကိစ္စများ စိတ်ဝင်စားမှု မြင့်တက်လာပြီး နိုင်ငံတကာရှိ ဖုန်းဈေးနှုန်းများ ကွာဟမှု ကြီးမားခြင်းကို သတိထားမိလာကြပြီး ယခုကဲ့သို့ ပြန်လည်အပ်နှံရန် စီစဉ်မှုများ ဖြစ်ပေါ်လာရကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရ (၁)နှစ်ပြည့် မိန့်ခွန်းတွင် “ လက်ရှိ ပြည်သူများကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန်း မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သတ်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနှင့်အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ထည့်သွင်း ပြောဆိုသွားခဲ့သည်။ 


 

0 comments:

Post a Comment