လပွတ္တာ-မြောင်းမြသို့ပြေးဆွဲသောဆန်းထက်မော်တော်ယာဉ်သည်မြောင်းမြမြို့မှအပြန်လပွတ္တာမြို့အနီး ၈မိုင် အရောက်တွင် လမ်းလယ်၌ပြည်သူဆောက်လုပ်ရေးမှကားများရပ်၍လမ်းဘေးရှိအရက်ဆိုင် တွင် အရက်သောက်နေကြပါသည်.....။
ထို့ကြောင့်ဆန်းထက်ကားဒရိုင် ဘာမှကားများနေရာရွှေ့ပေးရန်ကောင်းမွန်စွာပြောဆိုသော်လည်းဆောက်လုပ်ရေးမှ ယာဉ်မောင်းတစ်ယောက်သည်ပြောဆိုမှုကိုလက်မခံပဲ ဆန်းထက်မှယာဉ်မောင်းအားလက်သီးဖြင့်ထိုးလိုက်ပါသည်။ ဆန်းထက်ဒရိုက်ဘာမှပြန်လည်ခုခံရန်ကြိုးစားသောအခါလမ်းဘေးအရက်ဆိုင် မှဆောက်လုက်ရေး အလုပ်သမား(၁၅)ယောက်ခန့်ထွက်လာပြီးဝိုင်းထိုးကြ သောအခါဆန်းထက် ယာဉ်မောင်းမှာ အန္တရယ်များလွန်းသဖြင့် ကားပေါ်တတ်ကာယာဉ်အားမောင်းပြေးရန်ကြိုးစားသော်လည်းဆောက်လုပ်ရေးမှအလုပ်သမားတစ် ယောက်သည်ကားရှေ့တွင်ပိတ်၍ရပ်ကာ ကျန်အလုပ်သမားများမှဆန်းထက်မြောင်းမြ-လပွတ္တာ ခရီးသည်တင်မော်တော်ကားအား လမ်းခင်းသောေ ကျာက်ခဲကြီးများဖြင့် ဝိုင်းထုသဖြင့် ယာဉ်မောင်းနှင့်ဘုန်းတော်ကြီးတစ်ပါးမှန်ကွှဲရှ၍ဒဏ် ရာအနာတရ ရရှိခဲ့၍ ခရီးသည်များ အထိတ်တလန့်ဖြစ်ခဲ့ရ သည်ဟုသိရှိရပါသည်။ ယင်းအလုပ်သမားများမှာ မိုင်တိုင်အမှတ်(၁၃/၁)ရှိ ဦးဌေးဝင်းကျောက်ခွဲစက်မှ အလုပ်သမား များဖြစ် ကြောင်းလည်းသိရှိရပါသည်။
0 comments:
Post a Comment