Thursday, June 13, 2013

ဟစ်တိုင်ဂျာနယ် Facebook စာမျက်နှာပေါ်မှ လပွတ္တာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ လုပ်ဆောင်ချက်

ပွင့်လင်းမြင်သာသော အစိုးရစနစ်ဖြစ်စေရေး.....
လပွတ္တာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ လုပ်ဆောင်ချက် အချိန်မီပြောင်းလဲသင့်.........
************************************************
ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအတွက် နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးသော ရုံးအသုံးစရိတ်များကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို မထုတ်ပေးဘဲ နိုင်ငံတော်ဘဏ္ဍာငွေကြေးကို ကိုယ်ကျိုးအတွက် လိမ်းလည်သုံးစွဲနေပါတယ်......။

ကြားသိရသလောက် (1)လပိုင်း (2)လပိုင်းအတွက် ရပ်ကွက်/ကျေးရွာအုပ်စုတစ်စုလျှင် (50000)နှုန်းဖြင့် ငွေတစ်သိန်းကျပ် ထုတ်ပေးရမှာဖြစ်ပြီး အမှန်တကယ်မှာတော့ (1-2/2013)လအတွက်ဆိုပြီး ရပ်ကွက်/ကျေးရွာအုပ်စုတွေရရှိတာဟာ (45000)ကျပ်ဘဲ ရှိပါတယ်...။

(3/2013)အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအတွက် နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးသော ရုံးအသုံးစရိတ်များကို ယခုအချိန်အထိ ထုတ်မပေးသေးပါဘူး......။

(4/2013)လအတွက် ထုတ်ပေးနေပေမယ့် ထုတ်ရန်ကျန်နေသေးတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု 14 အုပ်စုလောက် ကျန်နေပါသေးတယ်....။ 5/2013 အတွက်တော့ လုံးဝကို မထုတ်ပေးသေးပါဘူး.....။

လပွတ္တာမြို့နယ်ဟာ ရပ်ကွက်/ ကျေးရွာအုပ်စု (75) အုပ်စုရှိပြီး (1-2/2013)မှာ ရပ်ကွက်ကျေးရွာအုပ်စုတွေဆီက ဖြတ်တောက်ငွေ (41)သိန်းကျော်...(3/2013)လအတွက် ပေးရမည့်ငွေ (37)သိန်းကျော် ...
.(4/2013)လအတွက် ပေးရန်ကျန်ငွေ (5)သိန်းကျော် နဲ့ ဖြတ်တောက်ငွေ(7.5)သိန်း၊

(5/2013)လအတွက် ထုတ်ပေးရန်ငွေ (37)သိန်းကျော် .....စုစုပေါင်း ငွေကျပ်(သိန်းပေါင်း 127)ကျော်ကို ဘာတွေဘယ်လို သုံးထားတယ်.....ဆိုတာကို ယနေ့အချိန်အထိ တာဝန်ရှိသူတွေက မဖော်ပြပါဘူး....။ကောင်းမွန်တဲ့ အုပ်ချုပ်ရေး....သန့်ရှင်းတဲ့ အစိုးရစနစ် အမှတ်တကယ် ဖြစ်ပေါ်စေဘို့အတွက် တာဝန်ရှိသူများ ကြီးကြပ်မှုဖြင့် အဂတိလိုက်စားမှုပပျောက်စေရေး ......အတွက် သတင်းပေးလိုက်ရပါတယ်....။

(အမှန်တရားအတွက် ဖြစ်စေချင်သူ.......)
ဇွန်လ၊၂၀၁၃ခု။
**********************************************
ပြည်သူတဦးရဲ့  ရင်ဖွင့်သံကို ဟစ်တိုင်မှတဆင့် ဖြန့် ဝေလိုက်ပါတယ်။
မိမိတို့ ခံစားချက်များကို ပေးပို့ လာပါက ဆက်လက်ဖြန့် ဝေပေးသွားပါမယ်။
(ဟစ်တိုင်ဂျာနယ် ၀ိုင်းတော်သားများ)
— with အိုးဝေအောင် အိုးဘားမား.

ကိုးကား။       ဟစ်တိုင်ဂျာနယ် Facebook စာမျက်နှာ

0 comments:

Post a Comment