Thursday, June 27, 2013

Ooredooအကြောင်းတစေ့တစောင်း

ကာတာအခြေစိုက် ကုမ္ပဏီ တစ်ခုပေါ့။ အာရေဗျ ဘာသာနဲ့ (U Ri Du) I want ဆိုပြီး အဓိပ္ပါယ် ရပါတယ်။ Qatar Telecom ရဲ့ ကုမ္ပဏီ ခွဲတစ်ခုဖြစ်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ မတိုင်မီ အထိ Qtel ဆိုတဲ့နာမည်နဲ့ ရပ်တည်ခဲ့ပါတယ်။ ကာတာနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ အကြီးမားဆုံး အဓိက Service Provider တစ်ဦး အဖြစ်ရပ်တည် နေပါတယ်။ ရုံးချုပ်ကတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တည်ရှိပြီး Qatar Telecom က အပြည့်အ၀ ပိုင်ဆိုင်ပါတယ်။

၁၉၄၉ ခုနှစ်မှာ ကာတာနိုင်ငံမှာ ၀န်ဆောင်မှု လုပ်ငန်းတွေ စတင် လုပ်ဆောင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ Mobile, Broadband ၀န်ဆောင်မှု၊ Fibre ၀န်ဆောင်မှုတွေကို ၀န်ဆောင်မှုပေးနေပါတယ်။ အိုမန်၊ ပါကစ္စတန် နဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှာ အင်တာနက် ၀န်ဆောင်မှုတွေ ပေးလျက် ရှိပါတယ်။

၂၀၀၆ မတိုင်ခင်က Ooredoo ဟာ ကာတာနိုင်ငံရဲ့ ဆက်သွယ်ရေး ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားခဲ့ရုံမက VOIP (Voice Over IP) ၀န်ဆောင်မှုတွေနဲ့ Skype ၀န်ဆောင်မှုတွေကို ကာတာနိုင်ငံတွင်း ၀င်မရအောင် ပိတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စော်ဘွားရဲ့ ဖယ်ရှားမှုနဲ့ အတူ ၂၀၀၆ နောက်ပိုင်းမှာ တခြား ၀န်ဆောင်မှု ကုမ္ပဏီတွေ ၀င်လာခဲ့ပါတယ်။
Ooredo ဟာ ကာတာနိုင်ငံတွင်းမှာ 4G LTE Service ကို ၂၀၁၃ ဧပြီလမှ စတင် ၀န်ဆောင်မှုပေးနိုင်နေပါတယ်။

Webpage : http://www.ooredoo.qa/en/home

0 comments:

Post a Comment