Thursday, June 27, 2013

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်က နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်မည့် တယ်လီကွန်းလုပ်ငန်းစု အဖြစ် ဆောင်ရွက်မည်


ရတနာပုံတယ်လီပို့ကုမ္ပဏီ လီမိတက်က နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်မည့် တယ်လီကွန်း လုပ်ငန်းစုအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသားများ ပါဝင်သော အများပိုင် ကုမ္ပဏီအဖြစ် စတင် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတကာ ဈေးကွက်အတွင်း ထိုးဖောက်ရမည့် တယ်လီကွန်း လုပ်ငန်းစုကြီး ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ “အများလက်ခံမည့် စာရင်းများနဲ့ အချက်အလက်တွေ ဖြစ်ပေါ်စေဖို့ ကမ္ဘာကျာ် Valution Firm တို့နဲ့အတူ Valution ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ပြည်တွင်းမှ ပြည်သူလူထုများ၊ ပြည်ပမှ နိုင်ငံတကာ လုပ်ငန်းများ လက်ခံအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ “အဖိုးနှုန်း ချိုသာပြီး အများလက်ခံတဲ့ မြန်မာ့တယ်လီကွန်း ဆက်သွယ်ရေးလောကကို ကိုယ်စားပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရတနာပုံ တယ်လီပို့ကုမ္ပဏီ လီမိတက်သည် ၂၀၀၉ ခုနှစ်တွင် အများနှင့် မသက်ဆိုင်သော အထူးကုမ္ပဏီ တစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုသို့ ဖွဲ့စည်းရာတွင် နိုင်ငံတော်မှာ ၅၁ ရာခိုင်နှုန်း၊ ကျန် ၄၉ ရာခိုင်နှုန်းအား ပုဂ္ဂလိကကုမ္ပဏီများ၏ ရှယ်ယာပါဝင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ICT သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆန်းသစ်သော နည်းပညာများဖြင့် ဆောင်ရွက်ပြီး ဆက်သွယ်ရေး အခြေပြု အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုသို့ ဖွဲ့စည်းတည်ထောင်ခဲ့ရာတွင် Data လုပ်ငန်း ဖြစ်သည့် Internet Service Provider တစ်ခုအဖြစ် ဝန်ဆောင်မှု ပေးရန် နိုင်ငံတော်မှ ခွင့်ပြုချက် ရရှိပြီး စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ထွက်ရှိလာတော့မည့် ဆက်သွယ်ရေး ဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲများ၏ လမ်းညွှန်မှုအရ တယ်လီကွန်း အော်ပရေတာအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တယ်လီကွန်း အော်ပရေတာ လုပ်ငန်းဆိုသည်မှာ Fixed Line ဆက်သွယ်ရေး လုပ်ငန်း အပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများ အားလုံးကို အပြည့်အဝ လုပ်ကိုင်ခွင့် ရရှိမည့် အနေအထား ဖြစ်ကြောင်း သိရသည်။
Ref & Credit to Internet Journal

0 comments:

Post a Comment