Monday, June 3, 2013

လေဖိအားနည်းဆဲလ် ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် စတင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ် – INVEST 97B သည် မြန်မာနိုင်ငံ – ကိုကိုးကျွန်းလေဆိပ်၏ အနောက်ဘက် ၂၈ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၁၇ဝ ခန့်၊ စစ်တွေမြို့တောင်ဘက် ၄ဝ၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းသို့ရောက်ရှိပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
လေဖိအားနည်းဆဲလ် INVEST 97B
03 Jun 2013 0000Z
Location: 14.3 93.0
Winds: 15 knots
Central Pressure: 1010 hPa
ပုံ(၁) ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းသို့ စတင်ဝင်ရောက်လာသည့် INVEST 97B ၏ လမ်းကြောင်းပြပုံ
 3JUN-0630MST-TRACK
 ပုံ(၂) တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေ
 3JUN-1430MST-clouds

0 comments:

Post a Comment