Monday, June 24, 2013

မိုးပိုရွာလေမီးပိုပျက်လေဆိုတဲ့အဖြစ်နဲ့မြို့ရွှေတာ

       ယခုရက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသလေးဖြစ်တဲ့ ကျွန်တော်တို့လပွတ္တာမြို့လေးမှာ မိုးကပိုးကောင်းလာ သလို မီးကလဲပိုပျက်လာပါတယ်။ မီးပိုပျက်ရတဲ့အကြောင်းအရင်းကို စုံစမ်းတော့ခွဲတမ်းပိုလျော့လာလို့ပါတဲ့။ ခွဲတမ်းကဘယ်လောက်ရလဲ ပြည်သူတွေမသိရဘူး။  ဖုန်းဆက်မေးတော့လည်း တိတိကျကျပြန်လည်ဖြေ ကြားတာမျိုးကိုမလုပ်ပါဘူး။ခုဆိုရင်အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ မြောင်းမြ၊ကျုံမငေး၊အိမ်မဲစတဲ့မြို့တွေ
မှာတောင် မီးကမှန်သလောက်ရှိနေပါပြီတဲ့။ မြောင်းမြမြို့ဆိုရင် ရေခဲစက်တွေ ဆန်စက်တွေစတဲ့စက်မှု လုပ်ငန်းတွေတော်တော်များတဲ့မြို့ပါ။
    အော် ခွဲတမ်း ခွဲတမ်း ဘယ်လောက်ရှိလို့ ဘယ်လောက်ရလဲတောင် ပြည်သူတွေမသိရတဲ့ခွဲတမ်းပါလား။ မြို့အနီးက လူမရှိတဲ့ ခရိုင်မြို့သစ်ကြီး(၃)မိုင်မှာတော့ နေ့ရော ညရော မီးတွေထိန်ထိန်လင်းလို့။ အော် လူမနေတဲ့အရပ်မီးပေးထားတဲ့နိုင်ငံပါလား။
    ဆက်သွယ်ရေးလိုဘဲ ပုဂ`ဂလိကကို မီးပေးတဲ့လုပ်ငန်း မြန်မြန်လွှဲပေးရင်ကောင်းမှာပါလားလို့ စဉ်းစားမိပါရဲ့။ အထက်လူကြီးတွေမြင်နိုင်၊ သိနိုင်၊ ကြားနိုင်ကြပါစေ။

0 comments:

Post a Comment