Monday, June 3, 2013

NVEST 97B – GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်အရ ပျက်ပြယ်သွားနိုင်

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာမည့် လေဖိအားနည်းဆဲလ် 97B ၏ အနောက်တောင်ဘက်တွင် လေဖိအားနည်းဆဲလ်အသစ် တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြီး ည ၂၁း၃ဝ နာရီတွင် 97B ပျက်ပြယ်သွား၍ လေဖိအားနည်းဆဲလ် အသစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း၊ ဇွန်လ ၄ ရက် ညနေ ၁၈း၃ဝ နာရီတွင် လုံးဝ ပျက်ပြယ်သွားမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းပုံဖေါ်ချက်များ၌ တွေ့ရပါသည်။
GFS ခန့်မှန်းချက်အခြေအနေ(Computer Model Forecast)နှင့် ဖြစ်ပေါ်နေဆဲ လေဖိအားနည်းဆဲလ် 97B ၏ အခြေအနေ(Actual Status of LPC)တို့အား ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။
3JUN-GFS-Forecast

0 comments:

Post a Comment