Thursday, June 20, 2013

လပွတ္တာမြို့၏ လတ်တလော လျှပ်စစ်မီးပြဿနာ


နာဂစ်အလွန်ကာလလပွတ္တာမြို့ကို နာရဂစ်ဆိုင်ရာ ပြန်လည်ထူထောင်ရေး အထူးဒေသအဖြစ် သတ်မှတ်ပြီး ၂၄ နာရီ မီးလင်းနိုင်အောင် (လို့ပြောပါတယ်) မဟာဓါတ်အားလိုင်းတစ်ခု ချထားပေးခဲ့ပါတယ်။ အဆိုပါ မဟာဓါတ်အားလိုင်းဟာ လူပေါင်းသိန်းချီပြီး သူတို့ရဲ့အသက်တွေနဲ့ စတေးယူပေးထားခဲ့ရတယ်လို့ ဆိုရင်လည်း ဆိုနိုင်သပေါ့။ အဲဒီလို အသက်ပေါင်း သိန်းနဲ့ချီရင်းနှီးပြီးမှ ရလာခဲ့တဲ့ မဟာဓါတ်အားလိုင်းဟာ နွေရာသီကာလများမှာတော့ ရေမလောက်ငှ (ရေအားလျှပ်စစ်လို့ ဆိုသကိုး) တဲ့အတွက် အချိန်မှန် မရခဲ့ပါဘူး။ ရပ်ကွက် တစ်ခုချင်းစီအလိုက် အလှည့်ကျစနစ်နဲ့ ရခဲ့ပါတယ်။ သို့သော် နွေရာသီကာလတလျှောက် နေ့ပိုင်းတွေမှာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေသည် ဆိုသော်လည်း ညပိုင်းတွေမှာတော့ (အများအားဖြင့်) တမြို့လုံးမီးလင်းနိုင်အောင် ပေးထားခဲ့ပါတယ်။ ဒါက ရေမလောက်ငှဘူးဆိုတဲ့ နွေရာသီမှာပါ။ အခု မိုးဖြိုင်ဖြိုင်ရွာတဲ့ ကာလကို ရောက်လာခဲ့ပေမယ့် အခုထိ ရေမလောက်ငှနိုင်သေးဘူးထင်ပါရဲ့။ မီးကိုအလှည့်ကျစနစ်နဲ့ ပေးနေတုန်းပါပဲ။ ပိုဆိုးတာက နွေရာသီတုန်းကတောင် ညဖက်တွေမီးအဖြတ်မခံရပဲ အခုမိုးရာသီရောက်ပါမှ ညပိုင်းလည်း အလှည့်ကျ အဖြတ်ခံနေရတာ ဘာကြောင့်ရယ်မသိ။ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းမှ အပြောအရကတော့ လိုင်းတွေပြင်နေလို့ ဟု ပြောပါတယ်။ နွေရာသီတုန်းကလည်း လိုင်းတွေ ပြင်တာပါပဲ။ အဲဒီတုန်းကတောင် ဘယ်လိုင်းတွေ ဘယ်လောက်ပြင်ပြင် ညပိုင်းမှာတော့ မီးမှန်မှန် ရခဲ့ပါတယ်။ အခုမှသာ နေ့မလာ၊ ညမမှန်ဖြစ်နေရတာ ဘာကြောင့်ရယ်မသိ။ (၃- မိုင်မြို့သစ်မှာတော့ စက်မှုဇုံထဲ မီးအမြဲလာနေတယ် ကြားတာပဲ)
.


0 comments:

Post a Comment